Thursday 30 October 2008

Best of me

Friday 17 October 2008

နားလည်ပါ

မိုးရာသီအလွမ်း

Sunday 5 October 2008

အလွမ်းသီချင်း

Sunday 28 September 2008

Fragile Heart ကျိုးပဲ့လွယ်သော အသည်း

Tuesday 16 September 2008

ဒီရုပ်ရှင်လေးကို အရမ်းကြိုက်တာ.. :D

A WalkToRemember
Edit Photos


ရုပ်ရှင် နာမည်လေးက A walk to remember ဖြစ်ပါတယ်။

" Love is like the wind, I can't see it but I can feel it "

Sunday 14 September 2008

လည်လည်လာပါအုံးလို့.....

ဟိုဘက်မှာ အားကြိုးမာန်တက်နဲ့ ကြိုးစားနေတာ ဒီဘက်ကို ပစ်ထားသလိုဖြစ်သွားတယ်။
ကဲ သဉ္ဇာ့ ရဲ့ စာမျက်နှာအသစ်လေးကို လာရောက်အားပေးပါအုံးနော်..။
နာမည်လေးကတော့ သဉ္ဇာ့ မှတ်စု ပါ ။ ဒီနေရာလေးကနေ သွားပေါ့နော်...။
ကျေးဇူးတင်ပါတယ်ရှင်။

Monday 25 August 2008

somewhere over the rainbow-Conie Talbot

Friday 22 August 2008

Chris Brown _ With You

Friday 15 August 2008

လမ်းပြကြယ်


ငါ ဖြတ်သန်းတဲ့ခရီးလမ်း နေကြက်နေတုန်း
ငါ့ ရင်မှာလဲ လကွယ်နေတယ်
တကယ်ပါ
ငါ တမ်းတမိတယ်
ကြယ်တစ်ပွင့်လောက် ဖြစ်ဖြစ်ပေါ့...

ငါ့ ခရီးလမ်းဖြောင့်ဖြူးဖို့ နေမင်းမလိုဘူး
ငါ တောင့်တတဲ့ ကြယ်ပွင့်လေး
ငါ့ ရင်ခွင်မှာ ထွန်းလင်းဖို့ပဲလိုတယ်

ဒီ ကြယ်ပွင့်လေး စေညွှန်းရာ
လမ်းမှားနေစေဦး ငါလျှောက်လှမ်းမယ်
ငါ့ ခရီးလမ်းတွေ ငါလျှောက်လှမ်းဖို့
ဒီ ရင်မှာ ထွန်းလင်းတဲ့ကြယ်ပွင့်လေးက
မင်း..ဖြစ်နေဖို့ပဲလိုတယ်....။

သဉ္ဇာ

Friday 8 August 2008

ပန်းတစ်ပွင့်..Bambino

Monday 4 August 2008

အေးချမ်းမေ မသေသေးပါ

Friday 1 August 2008

လျှို့ဝှက်ထားတယ်

Wednesday 30 July 2008


စိတ်ကူးအရင့်အမာကြီးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကိုထမ်းရတာထက်
ပိုလေးတယ်....။

Tuesday 29 July 2008

တောင့်တမှု့


အလွမ်းတွေ တိုက်စားလွန်းလို့
ငါ့နေ့ရက်တွေလည်း လုံးပါးပါး ကုန်ပါပြီ
အလွမ်း....
" ငါ " ဆိုတဲ့ကမ်းပါး ပျောက်ဆုံးသွားအောင်သာ တိုက်စားပစ်လိုက်ပါ

ရင်ထဲ စူးနင့်လွန်းလို့
အခုတလော လွမ်းဖို့တောင် အသက်ရူ မဝ ချင်တော့ဘူး
မွန်းကျပ်နာကျဉ်မှု့တွေလည်း ငါ့မျက်ဝန်းမှာ တွဲခို...
အော်....ငါ ငိုသတဲ့လား...

ဒီလို မျက်ရည်စိုမယ့် မနက်ဖြန်မျိုး
ငါ တကယ်ကိုမလိုချင်တော့လို့
အလွမ်း.....
" ငါ "ဆိုတဲ့ကမ်းပါး ပျောင်ဆုံးသွားအောင်သာ တိုက်စားပစ်လိုက်ပါ....။

သဉ္ဇာ

Friday 18 July 2008

ကိုယ်ချင်းစာနာပါ


လှည့်စားနေသလား...မပါးနပ်သူ
ကိုယ်ချင်းလေးတော့ စာနာပါ...
မင်းရဲ့သမိုင်းက..အရိုင်းဘယ်လောက်ဆန်ဆန်..
ဘယ်လိုအကျည်းတန်တဲ့..အတိတ်တို့ရှိခဲ့လည်း..
မင်းနဲ့...မင်းရဲ့မနက်ဖြန်တွေကိုဘဲ..
ငါ..ချစ်တယ်..

kingblue
king.bluedragon@gmail.com

မြတ်နိုးသူ


သူ့စကားထဲမှာ အကြင်နာ
သူပေးအပ်တော့ ဥပက္ခာ
သူဟာ...ကျွန်တော် မယုံကြည်ရဆုံးနဲ့
အယုံကြည်ချင် ဆုံး လူတစ်ယောက်ပါ..

kingblue
king.bluedragon@gmail.com

"တောင်းပန်ပါတယ်
နင့်ကို ငါ မချစ်နိုင်တာ ခွင့်လွှတ်ပါ "

သူကသာ အဲ့လိုပြောလာခဲ့ရင်

"တောင်းပန်တာကို ခွင့်လွှတ်တယ်
မချစ်နိုင်တာကို ခွင့်မလွှတ်ဘူး"

အဲ့လိုမျိုး ကျွန်တော်ပြန်ပြောလိုက်မယ်
......ယုံ

တာရာမင်းဝေ

Saturday 12 July 2008

အနာဂါတ် ရဲ့ သခင်

မင်းရှေ့မှာသက်ကြွေဆင်း
ဒူးထောက်ဖူးတဲ့ ငါ့မာန
အချစ်ကြောင့်ပါဆိုရင်
အိုသခင်..ငါမှားခဲ့ပါသလား


ငါ့ ရင်ကို လိုရာပုံသွင်း
ဝပ်တွားနေတဲ့ ငါ့အတ္တ
အချစ်ကြောင့်ပါဆိုရင်
အိုသခင်..ငါမှားနေပါသလား

ငါ့ဘဝရဲ့ ပုံရိပ်မှန်
မင်းလက်ထဲ ရောက်ရှိနှင့်ပြီမို့
ငါ့အနာဂါတ်တွေ လှပလာအောင်
အိုသခင်..သင့် စိတ်တိုင်းကျသာ ဆေးခြယ်ပေးပါ...။

သဉ္ဖာ

Monday 30 June 2008

သူငယ်ချင်းတွေ









ဘေးလူတွေ ငါ့ကိုကြောင်တယ်ထင်မယ်
မင်းတို့တွေပြုံးနေကြလို့ ငါကျေနပ်တယ်

ဘေးလူတွေ မင်းကိုလှောင်နေပေမယ့်
ငါတို့တွေပြုံးနေကြလို့ မင်းကျေနပ်တယ်

အများကြီးမလိုပါဘူး
ရင်ဘတ်ထဲကသံယောဇဉ်နဲ့
နွေးထွေးစွာ ရှိနေကြရင်
ငါတို့တွေ လုံခြုံနေပြီပဲ

မနေ့ကအတွက် မင်းခံစားမနေပါနဲ့
မနက်ဖြန်အတွက် မင်းတွေးပူမနေပါနဲ့
ဒီနေ့လေးကို ငါတို့အတူဖြတ်သန်းကြမယ်

ကိုင်း က ကျွန်းကို မှီတာလား?
ကျွန်း က ကိုင်းကို မှီတာလား?
အရှည်ကြီးတွေးနေစရာမလိုတော့ဘူး
ဘာတွေဖြစ်ဖြစ်
တို့တွေ သူငယ်ချင်း ဖြစ်နေပြီလေ...




သူငယ်ချင်းတို့အတွက် အမှတ်တရ
သဉ္ဖာ

Tuesday 24 June 2008


ငါ့ခံစားချက်နဲ့ ဆန့်ကျင်ဘက်အရပ်သို့
ပြေးထွက်ခဲ့ရတဲ့ အဲဒီညနေခင်း
ငါ့ကိုငါကလွဲပြီး
ဘယ်သူကို မုန်းရမှာတဲ့လဲ

နင်မမှားခဲ့ပါဘူး
ငါ့ဘက်ကလည်း မှန်ခဲ့တာပဲလေ

ဆုံးဖြတ်ချက်ဆိုတာ
ဖြစ်ချင်တာကိုဆုံးဖြတ်ကြတာလား?
ဖြစ်သင့်တာကိုဆုံးဖြတ်ကြတာလား?

ငါဖြစ်ချင်တဲ့အခြေအနေလေး
ဖြစ်တည်ခွင့် မရခင်မှာပဲ
ဖြစ်သင့်တယ်ဆိုတဲ့ အဖြေတစ်ခုအတွက်
ငါ နာကျင်ခဲ့ပြီးပါပြီ

အဖြစ်အပြက်တွေ ဘယ်လိုပဲ
ပြီးဆုံး ပြောင်းလဲခဲ့ပါစေ
မစွန့်လွှတ်ချင်တဲ့ ဒီအတိတ်တစ်ခု
ငါ့ခရီးလမ်းတလျှောက်မှာ
ငါနဲ့ တပါတည်း သယ်ဆောင်ထားမိတုန်းပါပဲ

မှန်ပါတယ်
အတိတ်ဆိုတာ ပြီးဆုံးခဲ့ပြီးပါပြီ
သို့ပေမယ့်
ငါပျော်မွေ့စွာ နေထိုင်ဖူးလို့ပါ

ဘယ်မေ့နိုင်ပါ့မလဲ
ဒီမှတ်ဥာဏ်လေးတစ်ခု
ငါ သေသွားခဲ့ရင်တောင်
နောင်ဘဝထိ ပါသွားနိုင်တယ်။

သဉ္ဖာ

Thursday 19 June 2008

မပေးရဲတဲ့ Birthday card


ငါ ပို့လိုက်တဲ့ Birthday card ဟာ
မင်းအတွက် disturb ဖြစ်မှာစိုးလို့
အဝေးကပဲ wish နေတော့မယ်
Happy Birthday ! Kg Lay Nge

sunflower771@gmail.com

Saturday 7 June 2008


မည်သို့ပင်ဖြစ်စေ
တိမ်တိုက်တို့သည် လွင့်မျောနေမည်
ရည်ရွယ်ရာမဲ့ခြင်းက တိမ်တိုက်တွေလား
ကျွန်တော်လား
ကျွန်တော်မသိခဲ့တဲ့ ဘဝနဲ့ ဘဝမသိခဲ့တဲ့ကျွန်တော်ကြား
အလွဲလွဲ အချော်ချော်နဲ့ စ
အလွဲလွဲ အချော်ချော်နဲ့ ဆုံး
ကျွန်တော်အမြဲမုန်းရမယ့်သူက
ဒီတိမ်တိုက်တွေပဲလား
ကျွန်တော်လား

zeroallzero@googlemail.com

အတိတ်


ပြီးဆုံးသွားခဲ့ပြီပဲလေ
ဒီအသိတစ်ခု
ငါ့ဦးနှောက်ထဲရောက်လာတိုင်း
ငါ့ဝိဥာဉ် အဝေးကြီးကို လွင့်သွားတတ်မြဲ

အချစ်စစ်တစ်ခုနဲ့
ပီပီပြင်ပြင်တည်ဆောက်မယ့်
ငါ့အိပ်မက်တစ်ခု
ပြိုလဲပျက်စီးခဲ့ပြီးမှတော့
ငါဘာကို ကြောက်နေရဦးမှာတဲ့လဲ


နင်ငါ့ကို မချစ်ဘူးဆိုတာကို
လာလာပြီး အချက်ပေးနေတဲ့
ငါ့ရဲ့ ဆဋ္ဌမအာရုံ ကို
ငါ တော်တော်မုန်းတယ်

နင်မသွားပါနဲ့
ငါ့ရင်ဘတ်ထဲက
အကြိမ်ကြိမ် အော်ပြီးတားနေပေမယ့်
လက်တွေ့မှာတော့
ငါကိုယ်တိုင်က
ပြုံးပြ နှုတ်ဆတ်ခဲ့ရပါလား

ပြိုလဲကုန်ပါပြီ
ငါ့ရင်ဘတ်ထဲက အရာအားလုံး
ဒါပေမယ့်
မျက်ရည်တွေကြားက
ငါတစ်ယောက်တည်း ကြိုးစားပြီး
ပြန်လည်တည်ဆောက်မိနေဆဲပါ

မနက်ဖြန်တွေမှာ နင်ရှိနေပေးဖို့
ငါ တောင်းဆိုလို့မရပေမယ့်
နင်ရှိခဲ့ဖူးတဲ့ အတိတ်တစ်ခု
ငါ ပိုင်ဆိုင်နေသေးတာပဲလေ

ပြန်မရနိုင်တော့ဘူးဆိုပေမယ့်
မင်းနဲ့ပတ်သတ်ဖူးတဲ့
ငါ့ရဲ့အတိတ်ကို
ငါ ချစ်နေတုန်းပဲ ...။


သဉ္ဇာ

Friday 16 May 2008

လွမ်းလို့


ရင်ဘတ်ထဲ လေးလံလာလို့
စိတ်ကို ခဏထွက်ပေါက်ပေးလိုက်တော့
အလွမ်းတွေ မင်းဆီဒုန်းစိုင်းစီးဆင်းသွားလိုက်တာ
ငါ့ စိတ်အာရုံတွေအားလုံး မင်းပုံရိပ်တွေနဲ့ ပြည့်နှက်သွားတော့တယ်

သဉ္ဇာ

Monday 5 May 2008

HAPPY BIRTHDAY !!!


ငါ့ရဲ့ စိတ်အစဉ်
အလွမ်းဒဏ်ကြောင့်
နွမ်းလျှနေလည်း
မမေ့မလျှော့
ဒီနေ့လေးမှာ
ငါ့နှလုံးသားရဲ့ အတွင်းနေရာက
ဆန္ဒများနဲ့ ကြည်လင်အေးစွာ
တိတ်တဆိတ်လေး
ကြိမ်ဖန်များစွာ ရွတ်ဆိုမိသည်။

ချစ်ရသူလေး အေးချမ်းပါစေ
HAPPY BIRTHDAY !!!

Sunday 4 May 2008

ဒဏ်ရာ

ဝေးသွားပြီဆိုတဲ့
အဖြစ်မှန်ကို လက်ခံဖို့
ငါရင်ဘတ် တစ်ခု
ခံနိုင်ရည် မရှိခဲ့ပါဘူး

တွေးမိလိုက်တိုင်း
ဒီမျက်ဝန်းထဲ
ပြည့်တက်လာတဲ့ မျက်ရည်တွေကြား
ငါဟာ အရောင်ရောင်အမှားမှားနဲ့
မင်းနာမည်လေး ရွတ်ဆိုမိတုန်းပဲ

တကယ်ပါ
ငါ ပြေးထွက်သွားချင်တယ်
ငါ့ခံစားချက်တွေနဲ့ ဝေးရာဆီကို

ဒီဒဏ်ရာဟာ
ဒီလောက်နာကျင်မယ်လို့
အစကတည်းက နင်ပြောပြထားသင့်တယ်
ငါ ပြင်ဆင်ခွင့် ရှိအောင်လေ

နင်နဲ့ဝေးပြီးတဲ့နောက်
ကောင်းကင်ကို မော့ကြည့်တတ်တဲ့ အကျင့်လေးတစ်ခု
ငါ ပိုပြီးတက်မြောက်ခဲ့ပြီပဲ
ဒီမျက်ဝန်းထဲက မျက်ရည်တွေ
ကျမလာအောင် ထိန်းရင်းနဲ့ပေါ့

မှုတ်ထုတ်လိုက်တဲ့ ရှိုက်သက်တိုင်းမှာ
သတိရခြင်းတွေ ပါသွားနိုင်မယ်ဆိုရင်
ငါ့အတွက် တော်တော်သက်သာရာရမှာပဲ
သက်ပြင်းချတိုင်းသာ အသက်တိုတတ်တယ်ဆိုရင်
မနေ့ကတည်းက ငါသေသွားလောက်ပြီ

မပြာပါနဲ့
ဒါဟာ ငါ့အတွက်
အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူး
တကယ်ပဲ
ငါတို့နှစ်ယောက်
ဆောင်းအိပ်မက်တစ်ခုကို
မက်ခဲ့တာဆိုရင်
အဲဒီအိပ်မက်ကနေ ငါ့ကိုမနှိုးခင်
မင်း ငါ့ကိုအရင်သတ်ခဲ့သင့်တယ်
မင်းမရှိရင် ငါဘယ်လိုမှမဖြစ်နိုင်တာ
မင်းမှမသိခဲ့တာ

ငါ့ ရင်ဘတ်ထဲက
ငါကိုယ်တိုင်တည်ဆောက်ထားခဲ့တဲ့ အချစ်တစ်ခု
ဘယ်လောက်ထိ ခမ်းနားနေတယ်ဆိုတာ
ငါ ပြသခွင့်မရှိတော့ဘူးတဲ့လား


စွန့်လွှတ်တယ်ဆိုတာ
လူတွေအမြင်မှာလွယ်ပေမယ့်
ဒီရင်ဘတ်ထဲမှာတော့
သေရာပါ ဒဏ်ရာတစ်ခုပါ

ငါ့ ဘက်ကစွန့်လွှတ်ဖို့
မင်းကိုယ်တိုင်က မျှော်လင့်နေမှတော့
ဒီဒဏ်ရာ နောင်ဘဝထိပါသွားမယ်ဆိုရင်တောင်
ငါ ခံယူပါ့မယ်

မင်း ငါ့ကိုတကယ်မချစ်နိုင်ရင်
ငါ့ဒဏ်ရာတွေ အတွက်
ငါ့ကိုမသနားပါနဲ့
သနားတဲ့အကြည့်နဲ့လည်း
ငါ့မာနတွေကျရှုံးသွားအောင် မကြည့်လိုက်ပါနဲ့
အရာရာအားလုံး စွန့်လွှတ်ခဲ့ပြီးပြီမို့
ငါ့ကို ဒီမာနလေးတော့ ထားခွင့်ပေးပါ။

သဉ္ဇာ

Sunday 6 April 2008


တကယ်ပါ တကူးတကမဟုတ်ပါပဲ
နင်ပြောသမျှ မှတ်မိနေခဲ့တာ
မင်းမျက်ဝန်းတွေထဲ
သံယောဇဉ် မျှဉ်မျှဉ်လေး
မြင်ရနိုးနဲ့ ရှာဖွေနေမိခဲ့တာ
နင်မသိသေးတဲ့
ငါ့ရဲ့ တစ်ဖက်သက်အချစ်

တကယ်ပါ မရည်ရွယ်ထားပါပဲ
နင်မေးသမျှဝန်ခံခဲ့မိတာ
မင်းစကားလုံးတွေထဲ
အလေးအနက်ထားမှု့ တစ်ခုခု
တွေ့ရနိုးနိုးနဲ့ ရှာဖွေနေမိခဲ့တာ
နင်သိသွားခဲ့ချိန်က
ငါ့ရဲ့ တစ်ဖက်သက်အချစ်

တကယ်ပါ မင်းပြန်မချစ်နိုင်ပါပဲ
နင်တစ်ယောက်ကိုမှ ချစ်မိနေခဲ့တာ
အပြစ်မတင်ရက်လို့
မင်းပျော်ရွှင်စေဖို့ စွန့်လွှတ်မှု့တစ်ခု
မပေးရက်ပါပဲ ပေးဆပ်ခဲ့ရတာ
နင်မသိနိုင်တော့တဲ့
ငါ့ရဲ့ တစ်ဖက်သက်အချစ်

သဉ္ဇာ

Friday 1 February 2008

ရန်သူတွေမှမဟုတ်တာ

ဘာလို့ မျက်နှာချင်းဆိုင်တွေ့တာတောင်

ကျောခိုင်းသွားရတာလဲ

ဦးတည်ချက်ချင်း တူရဲ့သားနဲ့

ဘာလို့ မျဉ်းပြိုင်နှစ်ကြောင်းဖြစ်နေရတာလဲ

ငါ့ရဲ့ မာနပါးပါးလေးက

ငါ့ရဲ့ ရင်ကိုတန်ပြန်ထိမှန်တဲ့

မြားတစ်စင်း ဘာလို့ပြန်ဖြစ်စေရတာလဲ

အဆိုးရွားဆုံး နာကျဉ်းသွားတဲ့

မင်းရဲ့ခံစားချက်အတွက်

မတော်တဆ

လွတ်ကျသွားတဲ့ စကားတစ်ခွန်းကို

ငါ အရွံ မုန်းဆုံးပါပဲ...

သို့ပေမယ့်

ငါ့ရဲ့ အသိဥာဏ်တွေထဲမှာ

မင်းကအထင်ရှားဆုံးပဲ..

ငါရူးသွပ်ခဲ့ပြီးပါပြီ

ငါ့နေ့ရက်ပေါင်းများစွာက

မင်းအတွက်နဲ့

နေကြတ်နေဦးမှာပါ...။


.....သူငယ်ချင်း lady ရဲ့ခံစားချက်မျှဝေမှုလေးပါ....။

Tuesday 29 January 2008

အလွမ်းသောင်ပြင်

အလွမ်းဆိုတာ အိပ်တန်းဝင်တဲ့ ငှက်တစ်ကောင်

ဘယ်ကိုပဲသွားသွား အချိန်တန်တော့

ငါ့ရင်မှာပဲပြန်နားတယ်

ဘယ်သောင်ပြင်ပဲဖြစ်ဖြစ် လှိုင်းရိုက်ခံရမယ်

ရိုက်ခတ်ပါ

နင် ငါ့ကို ရိုက်ခတ်ပါ

နင့်ရဲ့အမုန်းလှိုင်းတွေရိုက်ခတ်ပြီးတဲ့အခါ

ငါ့ရင်ခွင်ဟာ အလွမ်းတွေအပြည့်နဲ့ ကျန်ခဲ့မှာပါ

တကယ်တော့ ချစ်တတ်တဲ့ နှလုံးသားဆိုတာ

လှိုင်းတွေအောက်က လှပတဲ့ သောင်တစ်ခုပါ....






ဒီကဗျာလေးကို သူငယ်ချင်း Z ကသူ့မိန်းကလေး အတွက်

ရည်ရွယ်ပြီး ရေးထားတာပါ.။