Friday 25 January 2008

အမှတ်တရတွေကို
နေရာတိုင်းမှာ တွေ့နေရတုန်းပါ
သူများတွေ မသိနိုင်ပေမယ့်လည်း
ငါ့ရဲ့ပစ္စုပ္ပန်ကို
အတိတ်ရဲ့ အလွမ်းရက်တွေက
ချုပ်နှေုာင်ထားတုန်းပါပဲ..

ငါ တို့ကြားမှာ
ဝေးကွာခြင်းသာ မဝင်ရောက်လာခဲ့ရင်
ထာဝရပျော်ရွှင်နေရဦးမှာလို့
နှမျောတဿသရေရွတ်မိတုန်းပါပဲ

တကယ်တော့
ငါဟာ..မင်းဆီမှာချည်တိုင်မှားခဲ့မိလို့ပါ
မငြိတွယ်ချင်တဲ့ မင်းရဲ့စိတ်ကိုသိရက်နဲ့
အချစ်နဲ့ ကံတရားကို
ဝ ကွက် အပ်ချင်ခဲ့မိတာပေါ့
ခံစားမှုတွေပျောက်ဆုံးကုန်မှာကိုလည်း
ထိတ်လန့်တုန်လှုပ်ရင်းနဲ့ပေါ့

ငါ မင်းကို အချိန်တိုင်းမြတ်နိုးစွာတမ်းတပေမယ့်
ငါ့ အလွမ်းတွေကို မင်းသိစေဖို့
ငါ သေတာတောင် သက်သေမထူပါဘူး

ငါ မင်းကို ဂရုပြုမိစေချင်တာကတော့
သေးငယ်တဲ့ မျှော်လင့်ချက် ဆန္ဒငယ်လေးပါ
ငါ့ ရဲ့ နှလုံးသားဟာ
မင်းကိုသိပ်ချစ်တဲ့ စိတ်တွေနဲ့ ဝမ်းနည်းကြေကွဲရင်း
ကျေနပ် နှစ်သိပ်နေဆဲပါ လို့ပေါ့...။
.....................................................
.....ဒီစာသားလေးတွေက lady ရဲ့ အမှတ်တရလေးပါ..။
......................................................
....thz ပါ lady ရေ အခုလို ဝိုင်းဝန်းခံစားပေးတဲ့အတွက်..။