Tuesday 22 January 2008



နင့်အချစ်တွေ အပိုင်ပေးဖို့ မစဉ်းစားရင်


ငါကျေနပ်အောင် ခဏတဖြုတ် မချစ်ပြပါနဲ့


ငါဟာ မျှော်လင့်ချက်ကြီးတတ်တာမို့


နင်ပေးမယ့် ဟန်ဆောင်မှူ့တွေအပေါ်


မျှော်လင့်ခြင်းတွေ ထားမိလိမ့်မယ် ..




ခရီးလမ်းအဆုံးထိ လက်တွဲခေါ်ဖို့ မရည်ရွယ်ရင်


ခရီးတစ်ထောက်အတွက်တော့ ငါ့ကိုအဖော်ပြုမနေပါနဲ့တော့


ငါဟာ သံယောဇဉ်ကြီးတတ်သူမို့


ကလေးဆန်တယ် ပဲဆိုဆို


ငါသိပ်ချစ်ရတဲ့နင့်ကို


ငါလေ တစ်ဘဝလုံးပဲ အပိုင် ရချင်တယ် ။


သဉ္ဇာ
ကိုယ့်အချစ်တွေ ကိုယ်ရုတ်သိမ်းပြီး
နင်နဲ့ဝေးရာဆီကို ထွက်သွားခဲ့တဲ့
ကောင်မလေး တစ်ယောက်
နင့်အကြောင်း ကို သတိရရင်
သူ့နှုတ်ခမ်းတွေ ပြုံးနေတတ်တယ်
နောက်ပြီး
သူ့ကိုသေချာကြည့်လိုက်
သူမျက်ရည်တွေ ဝဲနေလိမ့်မယ် ။


သဉ္ဇာ

နင်လွတ်မြောက်ဖို့ အတွက် ငါကျန်နေရစ်တာလား

ငါကျန်နေရစ်လို့ နင်လွတ်မြောက်သွားတာလား

ဒီမေးခွန်းကို သေချာတွေးကြည့်တော့

ငါ့မှာ အဖြေမရှိတာသေချာတယ် ။


သဉ္ဇာ