Saturday 12 July 2008

အနာဂါတ် ရဲ့ သခင်

မင်းရှေ့မှာသက်ကြွေဆင်း
ဒူးထောက်ဖူးတဲ့ ငါ့မာန
အချစ်ကြောင့်ပါဆိုရင်
အိုသခင်..ငါမှားခဲ့ပါသလား


ငါ့ ရင်ကို လိုရာပုံသွင်း
ဝပ်တွားနေတဲ့ ငါ့အတ္တ
အချစ်ကြောင့်ပါဆိုရင်
အိုသခင်..ငါမှားနေပါသလား

ငါ့ဘဝရဲ့ ပုံရိပ်မှန်
မင်းလက်ထဲ ရောက်ရှိနှင့်ပြီမို့
ငါ့အနာဂါတ်တွေ လှပလာအောင်
အိုသခင်..သင့် စိတ်တိုင်းကျသာ ဆေးခြယ်ပေးပါ...။

သဉ္ဖာ