Sunday 6 April 2008


တကယ်ပါ တကူးတကမဟုတ်ပါပဲ
နင်ပြောသမျှ မှတ်မိနေခဲ့တာ
မင်းမျက်ဝန်းတွေထဲ
သံယောဇဉ် မျှဉ်မျှဉ်လေး
မြင်ရနိုးနဲ့ ရှာဖွေနေမိခဲ့တာ
နင်မသိသေးတဲ့
ငါ့ရဲ့ တစ်ဖက်သက်အချစ်

တကယ်ပါ မရည်ရွယ်ထားပါပဲ
နင်မေးသမျှဝန်ခံခဲ့မိတာ
မင်းစကားလုံးတွေထဲ
အလေးအနက်ထားမှု့ တစ်ခုခု
တွေ့ရနိုးနိုးနဲ့ ရှာဖွေနေမိခဲ့တာ
နင်သိသွားခဲ့ချိန်က
ငါ့ရဲ့ တစ်ဖက်သက်အချစ်

တကယ်ပါ မင်းပြန်မချစ်နိုင်ပါပဲ
နင်တစ်ယောက်ကိုမှ ချစ်မိနေခဲ့တာ
အပြစ်မတင်ရက်လို့
မင်းပျော်ရွှင်စေဖို့ စွန့်လွှတ်မှု့တစ်ခု
မပေးရက်ပါပဲ ပေးဆပ်ခဲ့ရတာ
နင်မသိနိုင်တော့တဲ့
ငါ့ရဲ့ တစ်ဖက်သက်အချစ်

သဉ္ဇာ