Showing posts with label သူငယ်ချင်းတွေ. Show all posts
Showing posts with label သူငယ်ချင်းတွေ. Show all posts

Monday, 30 June 2008

သူငယ်ချင်းတွေ









ဘေးလူတွေ ငါ့ကိုကြောင်တယ်ထင်မယ်
မင်းတို့တွေပြုံးနေကြလို့ ငါကျေနပ်တယ်

ဘေးလူတွေ မင်းကိုလှောင်နေပေမယ့်
ငါတို့တွေပြုံးနေကြလို့ မင်းကျေနပ်တယ်

အများကြီးမလိုပါဘူး
ရင်ဘတ်ထဲကသံယောဇဉ်နဲ့
နွေးထွေးစွာ ရှိနေကြရင်
ငါတို့တွေ လုံခြုံနေပြီပဲ

မနေ့ကအတွက် မင်းခံစားမနေပါနဲ့
မနက်ဖြန်အတွက် မင်းတွေးပူမနေပါနဲ့
ဒီနေ့လေးကို ငါတို့အတူဖြတ်သန်းကြမယ်

ကိုင်း က ကျွန်းကို မှီတာလား?
ကျွန်း က ကိုင်းကို မှီတာလား?
အရှည်ကြီးတွေးနေစရာမလိုတော့ဘူး
ဘာတွေဖြစ်ဖြစ်
တို့တွေ သူငယ်ချင်း ဖြစ်နေပြီလေ...




သူငယ်ချင်းတို့အတွက် အမှတ်တရ
သဉ္ဖာ