Showing posts with label ကြိုက်မိတဲ့ကဗျာများ. Show all posts
Showing posts with label ကြိုက်မိတဲ့ကဗျာများ. Show all posts

Saturday, 26 January 2008

ချစ်သူအတွက်

ချစ်သူ
ငါသေသွားတဲ့အခါ
ငါ့ အုတ်ဂူမှာ ပန်းအနီတွေ မထိုးစိုက်ပါနဲ့
ပြီးတော့...တိတ်တဆိတ်လည်း
လာမငိုကြွေးလေနဲ့
ငါ့စိတ်တွေမပြတ်သားအောင်
ငါ့နာမည်လည်းခဏခဏမခေါ်လိုက်နဲ့
အေးစက်တောင့်တင်းနေတဲ့
ငါ့ပါးပြင်မှာ မျက်ရည်များစွာ ရှိမလားလို့
လာလို့ မတို့ထိပါနဲ့တော့ကွယ်
ငါ မသေမီ
ဝအောင်ငိုကြွေးခဲ့ပြီးပြီ...။

နိုင်းနိုင်းစနေ

ဒီကဗျာလေးကတော့ မအိမ့်ချမ်းမြေ့ ရဲ့blog ထဲကနေ copy လုပ်ထားတာပါ
သူ့ရဲ့ ရင်တွင်းဖြစ်တွေပါ..။