Saturday, 7 June 2008

အတိတ်


ပြီးဆုံးသွားခဲ့ပြီပဲလေ
ဒီအသိတစ်ခု
ငါ့ဦးနှောက်ထဲရောက်လာတိုင်း
ငါ့ဝိဥာဉ် အဝေးကြီးကို လွင့်သွားတတ်မြဲ

အချစ်စစ်တစ်ခုနဲ့
ပီပီပြင်ပြင်တည်ဆောက်မယ့်
ငါ့အိပ်မက်တစ်ခု
ပြိုလဲပျက်စီးခဲ့ပြီးမှတော့
ငါဘာကို ကြောက်နေရဦးမှာတဲ့လဲ


နင်ငါ့ကို မချစ်ဘူးဆိုတာကို
လာလာပြီး အချက်ပေးနေတဲ့
ငါ့ရဲ့ ဆဋ္ဌမအာရုံ ကို
ငါ တော်တော်မုန်းတယ်

နင်မသွားပါနဲ့
ငါ့ရင်ဘတ်ထဲက
အကြိမ်ကြိမ် အော်ပြီးတားနေပေမယ့်
လက်တွေ့မှာတော့
ငါကိုယ်တိုင်က
ပြုံးပြ နှုတ်ဆတ်ခဲ့ရပါလား

ပြိုလဲကုန်ပါပြီ
ငါ့ရင်ဘတ်ထဲက အရာအားလုံး
ဒါပေမယ့်
မျက်ရည်တွေကြားက
ငါတစ်ယောက်တည်း ကြိုးစားပြီး
ပြန်လည်တည်ဆောက်မိနေဆဲပါ

မနက်ဖြန်တွေမှာ နင်ရှိနေပေးဖို့
ငါ တောင်းဆိုလို့မရပေမယ့်
နင်ရှိခဲ့ဖူးတဲ့ အတိတ်တစ်ခု
ငါ ပိုင်ဆိုင်နေသေးတာပဲလေ

ပြန်မရနိုင်တော့ဘူးဆိုပေမယ့်
မင်းနဲ့ပတ်သတ်ဖူးတဲ့
ငါ့ရဲ့အတိတ်ကို
ငါ ချစ်နေတုန်းပဲ ...။


သဉ္ဇာ

2 comments:

may said...

poet ...
U poem ca I about co ti lo yay htar tar lar hin... U nae I khan sar chat chin tu tal naw :)

Anonymous said...

sis
i rally like this poem and i feel same to u
have a real love from ur love,i wish
urs sis