
ငါ ဖြတ်သန်းတဲ့ခရီးလမ်း နေကြက်နေတုန်း
ငါ့ ရင်မှာလဲ လကွယ်နေတယ်
တကယ်ပါ
ငါ တမ်းတမိတယ်
ကြယ်တစ်ပွင့်လောက် ဖြစ်ဖြစ်ပေါ့...
ငါ့ ခရီးလမ်းဖြောင့်ဖြူးဖို့ နေမင်းမလိုဘူး
ငါ တောင့်တတဲ့ ကြယ်ပွင့်လေး
ငါ့ ရင်ခွင်မှာ ထွန်းလင်းဖို့ပဲလိုတယ်
ဒီ ကြယ်ပွင့်လေး စေညွှန်းရာ
လမ်းမှားနေစေဦး ငါလျှောက်လှမ်းမယ်
ငါ့ ခရီးလမ်းတွေ ငါလျှောက်လှမ်းဖို့
ဒီ ရင်မှာ ထွန်းလင်းတဲ့ကြယ်ပွင့်လေးက
မင်း..ဖြစ်နေဖို့ပဲလိုတယ်....။
သဉ္ဇာ
No comments:
Post a Comment