Thursday 24 January 2008

ရင်ဘတ်ထဲက အချစ်တစ်ခုကိုပဲ

နင့်ဘက်က မြင်တဲ့ ရှု့ ထောင့်နဲ့

ငါ့ဘက်က မြင်တဲ့ ရှု့ ထောင့်

သုံးသပ်ချက်တွေ ကွဲပြားခဲ့တာ


နင်က ခဏတာစိတ်လှုပ်ရှားမှု့တဲ့

ငါက အလေးအနက်ထားပြီးပေးဆပ်ချင်မှု့


နှုတ်ခမ်းနှစ်စုံ ထိတွေ့ဖို့မှာ

ရွံရှာတတ်မှု့ က အဓိကမဟုတ်ခဲ့ပါဘူး

အလေးအနက်ထားနိုင်ဖို့ပဲ မျှော်လင့်ခဲ့တာ

ပေါ့ပျက်ပျက်နိုင်လွန်းတဲ့ အနမ်းတစ်ခု

ငါမလိုချင်ခဲ့တာ အမှန်ပဲ


ဒီအခြေအနေ ကိုလည်း

မင်း နဲ့ ငါ ရဲ့ သုံးသပ်ချက်တွေ

ကွဲပြားနေဦးမှာပဲ


မင်းထင်ချင်သလိုသာ ထင်ပါတော့

လေးနက်ခဲ့လွန်း တဲ့ ငါ့အချစ်တွေကို

နားလည်ပေးဖို့

ငါလိုက်ပြီး ရှင်းပြမနေတော့ပါဘူး

အရာရာအားလုံး ကို

ငါ့ဘက်က ပြန်လည် ရုတ်သိမ်းခဲ့ပြီးပြီပဲ

မင်းပျော်သလိုသာ နေပါ ။


သဉ္ဇာ

1 comment:

July said...

ကြိုက်လွန်းလို. ပြီးတော.တိုက်ဆိုင်လို. copy လုပ်ပြီး Gtalk custome message တင်မယ်နော်.....အဆင်ပြေရင်ပေါ.
ကျေးဇူးပါ.