ဟိုးအရင်တုန်းကလေ
ငါဟာ မနက်ခင်းတိုင်းကို မျှော်လင့်ခြင်းအပြည့်နဲ့ နိုးထ
မသေချာတဲ့မျှော်လင့်ချက်လေးနဲ့ပဲ

ငါ့မျက်နှာလေး ပြုံးပျော်လို့ပေါ့
ဟိုးအရင်တုန်းကလေ
ငါဟာ ရှင်သန်ရပ်တည်မှု့ကို ရည်စူးခြင်းအပြည့်နဲ့ကြိုးစား
ပြင်ပြလွန်းတဲ့ရည်စူးချက်လေးနဲ့ပဲ
ငါ့နေ့ရက်တွေ တက်ကြွမှု့အပြည့်နဲ့ပေါ့
ဟိုးအရင်တုန်းကလေ
ငါဟာ တစ်ဖက်သက်ရင်ခုန်သံ တစ်ခုကို အလေးအနက်ထားပြီးပေးဆပ်
သေချာလွန်းတဲ့ သစ္စာရှိမှု့နဲ့
ငါ့နှလုံးသားလေး လုံခြုံမှု့အပြည့်နဲ့ပေါ့
အခုတော့
နင်လိုချင်တဲ့ အဆုံးသတ်မျိုးလေးရဖို့
ငါကြိုးစားလို့ ရယူပေးအပြီးမှာ
အခုအချိန်
ငါဘယ်လိုဖြစ်နေမလဲ နင်မေးမနေပါနဲ့တော့
နိုးထလာတဲ့ မနက်ခင်းတိုင်း
အတိတ်ကို ပြန်သွားနေတဲ့ ငါ့စိတ်တွေကို ငါတားမနေချင်ပါဘူး
ပျော်ခဲ့ဖူးတဲ့ အတိတ်လေးနဲ့ပဲ ငါမျက်ရည်တွေဝဲလို့ပေါ့
ရည်စူးချက်မဲ့သွားတဲ့ ကြိုးစားမှု့တွေကြား ငါရှင်သန်နေဦးတော့
ငါ့နေ့ရက်တွေ ဝိဥာဉ်မဲ့နေခဲ့တာ ငါအသိဆုံးပဲ
တွယ်ယာမဲ့သွားတဲ့ ငါ့ရဲ့နှလုံးသားလေးလည်း
နာကျင်မှု့ဒဏ်ရာတွေကြား အတ္တကြီးစွာနဲ့ပဲ
နင့်အပေါ် သစ္စာရှိတုန်းပဲ..။
သဉ္ဇာ