skip to main
|
skip to sidebar
Friday, 16 May 2008
လွမ်းလို့
ရင်ဘတ်ထဲ လေးလံလာလို့
စိတ်ကို ခဏထွက်ပေါက်ပေးလိုက်တော့
အလွမ်းတွေ မင်းဆီဒုန်းစိုင်းစီးဆင်းသွားလိုက်တာ
ငါ့ စိတ်အာရုံတွေအားလုံး မင်းပုံရိပ်တွေနဲ့ ပြည့်နှက်သွားတော့တယ်
သဉ္ဇာ
Monday, 5 May 2008
HAPPY BIRTHDAY !!!
ငါ့ရဲ့ စိတ်အစဉ်
အလွမ်းဒဏ်ကြောင့်
နွမ်းလျှနေလည်း
မမေ့မလျှော့
ဒီနေ့လေးမှာ
ငါ့နှလုံးသားရဲ့ အတွင်းနေရာက
ဆန္ဒများနဲ့ ကြည်လင်အေးစွာ
တိတ်တဆိတ်လေး
ကြိမ်ဖန်များစွာ ရွတ်ဆိုမိသည်။
ချစ်ရသူလေး အေးချမ်းပါစေ
HAPPY BIRTHDAY !!!
Sunday, 4 May 2008
ဒဏ်ရာ
ဝေးသွားပြီဆိုတဲ့
အဖြစ်မှန်ကို လက်ခံဖို့
ငါရင်ဘတ် တစ်ခု
ခံနိုင်ရည် မရှိခဲ့ပါဘူး
တွေးမိလိုက်တိုင်း
ဒီမျက်ဝန်းထဲ
ပြည့်တက်လာတဲ့ မျက်ရည်တွေကြား
ငါဟာ အရောင်ရောင်အမှားမှားနဲ့
မင်းနာမည်လေး ရွတ်ဆိုမိတုန်းပဲ
တကယ်ပါ
ငါ ပြေးထွက်သွားချင်တယ်
ငါ့ခံစားချက်တွေနဲ့ ဝေးရာဆီကို
ဒီဒဏ်ရာဟာ
ဒီလောက်နာကျင်မယ်လို့
အစကတည်းက နင်ပြောပြထားသင့်တယ်
ငါ ပြင်ဆင်ခွင့် ရှိအောင်လေ
နင်နဲ့ဝေးပြီးတဲ့နောက်
ကောင်းကင်ကို မော့ကြည့်တတ်တဲ့ အကျင့်လေးတစ်ခု
ငါ ပိုပြီးတက်မြောက်ခဲ့ပြီပဲ
ဒီမျက်ဝန်းထဲက မျက်ရည်တွေ
ကျမလာအောင် ထိန်းရင်းနဲ့ပေါ့
မှုတ်ထုတ်လိုက်တဲ့ ရှိုက်သက်တိုင်းမှာ
သတိရခြင်းတွေ ပါသွားနိုင်မယ်ဆိုရင်
ငါ့အတွက် တော်တော်သက်သာရာရမှာပဲ
သက်ပြင်းချတိုင်းသာ အသက်တိုတတ်တယ်ဆိုရင်
မနေ့ကတည်းက ငါသေသွားလောက်ပြီ
မပြာပါနဲ့
ဒါဟာ ငါ့အတွက်
အိပ်မက်တစ်ခု မဟုတ်ခဲ့ဘူး
တကယ်ပဲ
ငါတို့နှစ်ယောက်
ဆောင်းအိပ်မက်တစ်ခုကို
မက်ခဲ့တာဆိုရင်
အဲဒီအိပ်မက်ကနေ ငါ့ကိုမနှိုးခင်
မင်း ငါ့ကိုအရင်သတ်ခဲ့သင့်တယ်
မင်းမရှိရင် ငါဘယ်လိုမှမဖြစ်နိုင်တာ
မင်းမှမသိခဲ့တာ
ငါ့ ရင်ဘတ်ထဲက
ငါကိုယ်တိုင်တည်ဆောက်ထားခဲ့တဲ့ အချစ်တစ်ခု
ဘယ်လောက်ထိ ခမ်းနားနေတယ်ဆိုတာ
ငါ ပြသခွင့်မရှိတော့ဘူးတဲ့လား
စွန့်လွှတ်တယ်ဆိုတာ
လူတွေအမြင်မှာလွယ်ပေမယ့်
ဒီရင်ဘတ်ထဲမှာတော့
သေရာပါ ဒဏ်ရာတစ်ခုပါ
ငါ့ ဘက်ကစွန့်လွှတ်ဖို့
မင်းကိုယ်တိုင်က မျှော်လင့်နေမှတော့
ဒီဒဏ်ရာ နောင်ဘဝထိပါသွားမယ်ဆိုရင်တောင်
ငါ ခံယူပါ့မယ်
မင်း ငါ့ကိုတကယ်မချစ်နိုင်ရင်
ငါ့ဒဏ်ရာတွေ အတွက်
ငါ့ကိုမသနားပါနဲ့
သနားတဲ့အကြည့်နဲ့လည်း
ငါ့မာနတွေကျရှုံးသွားအောင် မကြည့်လိုက်ပါနဲ့
အရာရာအားလုံး စွန့်လွှတ်ခဲ့ပြီးပြီမို့
ငါ့ကို ဒီမာနလေးတော့ ထားခွင့်ပေးပါ။
သဉ္ဇာ
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)
ကြယ်စင်ပျိုးခင်း
Discover
!
NeoCounter
ပုံမှန်ဖတ်ဖြစ်သောမြန်မာblogerများ
http://notes4pc.blogspot.com
nyi lynn seck
ကဗျာလမ်း
တပြည်သူအိမ့်ချမ်းမြေ့
ရွှေပြည်သူ
မြန်မာဘလော့ဂ်ပြုလုပ်ပုံ(ကိုညီလင်းဆက်)
ho ta chain ka thingyan yat
Labels
Bambino
(1)
တာရာမင်းဝေ ရဲ့ ကဗျာများ
(1)
မင်းခိုက်စိုးစန်
(1)
ရင်ဘတ်ထဲကအပိုင်းအစများ
(14)
ကြိုက်မိတဲ့ကဗျာများ
(1)
သူငယ်ချင်းတွေ
(1)
Blog Archive
▼
2008
(39)
►
January
(10)
►
Jan 21
(1)
►
Jan 22
(3)
►
Jan 24
(2)
►
Jan 25
(1)
►
Jan 26
(1)
►
Jan 29
(2)
►
February
(1)
►
Feb 01
(1)
►
April
(1)
►
Apr 06
(1)
▼
May
(3)
►
May 04
(1)
ဒဏ်ရာ
►
May 05
(1)
HAPPY BIRTHDAY !!!
▼
May 16
(1)
လွမ်းလို့
►
June
(5)
►
Jun 07
(2)
►
Jun 19
(1)
►
Jun 24
(1)
►
Jun 30
(1)
►
July
(6)
►
Jul 12
(1)
►
Jul 18
(3)
►
Jul 29
(1)
►
Jul 30
(1)
►
August
(6)
►
Aug 01
(1)
►
Aug 04
(1)
►
Aug 08
(1)
►
Aug 15
(1)
►
Aug 22
(1)
►
Aug 25
(1)
►
September
(3)
►
Sept 14
(1)
►
Sept 16
(1)
►
Sept 28
(1)
►
October
(4)
►
Oct 05
(1)
►
Oct 17
(2)
►
Oct 30
(1)
►
2009
(6)
►
February
(2)
►
Feb 10
(1)
►
Feb 11
(1)
►
March
(3)
►
Mar 14
(3)
►
April
(1)
►
Apr 23
(1)
About me
thinzar
View my complete profile
ဒီblog လေးအကြောင်း ပြောပြပါရစေ
ဒီblogလေးကတော့ သဉ္ဇာ့လိုပဲ ခံစားချက်ရှိပြီး ကဗျာအဖြစ်လည်း မကူးပြောင်းနိုင် ကြသေးတဲ့ သူတွေချည်းပါပဲ။ သဉ္ဇာက ခံစားရတာ တွေကိုရေချင်နေတာနဲ့ ရေးတတ်သလို ရေးထားတာပါ။ အဲဒါနဲ့ပဲ သူငယ်ချင်းတွေကပါ ဝိုင်းဝန်းအားပေး လက်စွမ်းပြထားကြပါတယ်။
ကဗျာအဖြစ်မရောက်သေးပေမယ့် ရင်ဘတ်ထဲကစာသားတွေပါ။